Monday, May 15, 2017

Abate

၁။  Abate သည် ၁% တဲမီဖော့ဆေးဖြစ်သည်။ သဲ (၉၉)ဆ၊ တဲမီဖော့ဆေး တစ်ဆ ရောစပ် ထား သည်။ ရေထဲထည့်လိုက်လျှင် သဲများသည် ရေရှိသော အိုး၊ကန်၏ အောက်ခြေသို့ကျသွားပြီး ဆေးများသည် အိုး၏အတွင်းနံရံတွင် ကပ်နေသည်။ ထို့ကြောင့် ဆေးမခတ်မီ အိုးခွက်များကို တိုက်ချွတ်ဆေးကြောပြီး ရေအပြည့်ဖြည့်ထားရန်နှင်  ဆေးခတ်  မည့်အချိန်ကို ကြိုတင်ကြေငြာထားရန်လိုအပ်သည်။ အဘိတ်ခတ်ပြီး  ရေကို သွန်လိုလျင် အိုး၏အတွင်းနံရံကို တိုက်ချွတ်ဆေးကြောခြင်း မပြုရပါ။ရေလိုကထပ်ထည့်နိုင် သည်။

၂။ တဲမီဖော့ဆေးသည် ခြင်လောက်လန်းကိုသာသေစေသည်။ ပိုးတုံးလုံး(Pupa)ကို မသေစေပါ။ပိုးတုံးလုံး ရှိသောရေကို သွန်ပြီးမှဆေးခတ်ပါ။

၃။ ဆေးအာနိသင် (၂)လမှ (၃)လအထိ ရှိသည်။

၎။ အညွှန်းအတိုင်း ဆေးခတ်ထားသောရေကို သောက်နိုင်သုံးနိုင်သည်။

ရေဂါလံတွက်ခြင်း

လေးထောင့်ရေကန် = အလျား(ပေ)X အနံ (ပေ)X အမြင့် (ပေ) X ၆.၂၅

ကျောက်စည်အ၀ိုင်း =  5  X အချင်း(ပေ)x အချင်း(ပေ)x အမြင့် (ပေ)

ဇွန်းတွက်ခြင်း   (ရေ ၁၀ ဂါလံ= (1) Teaspoon = ၅  ဂရမ် )

အလျား(၁၀)X အနံ (၁၀)X အမြင့် (၁၀) X ၆.၂၅ = ၆၂၅၀ ဂါလံ /၁၀ = ၆၂၅  ဇွန်း =ဆေး ၃၁၂၅  ဂရမ်

5  X အချင်း(၁၀)x အချင်း(၁၀)x အမြင့် (၁၀)= ၅၀၀၀ ဂါလံ/ ၁၀ = ၅၀၀ ဇွန်း X ၅ ဂရမ်=ဆေး  ၂၅၀၀ ဂရမ် = နို့ဆီဗူး ၅ ဗူး

ထို့ကြောင့် ရေလှောင်ကန်ကြီးများတွင် ခြင်လောက်လန်းစားငါးမွေးပါ ။

အဘိတ်ဆေးခတ်နည်းလမ်းညွှန်

၁။  မြို့နယ်/ရပ်ကွက်/ကျေးရွာအဆင့် အသိပေးဆွေးနွေးခြင်း

၂။ သင်တန်းပေးခြင်း၊ အဏုစိတ်စီမံချက်ရေးဆွဲခြင်း(ဆေးခတ်နည်း၊ ဆေးခတ်ရန်နေရာ ရွေးချယ် 

    နည်း)

၃။ ဆေးခတ်အဖွဲ့ဖွဲ့စည်းခြင်းနှင့် ကြီးကြပ်ခြင်း

    ဆေးခတ်အဖွဲ့တွင် အနည်းဆုံးလူ(၃)ဦး ပါရမည်။ (အဘိတ်အကြောင်းပညာပေးရန်၊ 

    လိုအပ်သောဆေးတွက်ချက်ရန်၊ ဆေးခတ်ရန်၊ ဆေးခတ်ပုံစံတွင် ရေးမှတ်ရန်)

    ကျန်းမာရေးဝန်ထမ်းများမှ ကြီးကြပ်ရန်

၎။ မလှယ်နိုင်သောကန်ကြီးများနှင့်ကျောက်စည်များတွင် Abate ခပ်ရန်တွက်နည်း

မြန်မာပြည်မှာ အဘိတ် abate (1%Temephos (S-G) sand granules) ကို ၂၀၀၀ ခုနှစ်ခန့်ကပင် မော်လမြိုင်တွင် survey အနေနှင့်စတင်သုံးစွဲခဲ့သည်။ ၂၀၀၅ ခုနှစ်ခန့်တွင်ရန်ကုန်တိုင်းနှင့် ပြည်နယ်တိုင်းအချို့ တွင် သွးလွန်တုပ်ကွေးအဖြစ်များသော ရပ်ကွက်များတွင် သုံးစွဲခဲ့ သည်။

  ၂၀၀၈ ခုနှစ်တွင် နာဂစ်ဖြစ်ပြီးနောက် abate ကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလာကြသည်။

ဆေးခတ်ရန်နေရာရွေးချယ်ခြင်း

-      ဆေးခတ်ချိန်တွင် အဖြစ်များသော ရပ်ကွက်/ကျေးရွာများ၊ ၄င်းနှင့် ထိစပ်နေသော ရပ်ကွက်ကျေးရွာများ

-      ယခင်နှစ်တွင် အဖြစ်များသော ရပ်ကွက်/ကျေးရွာများမှ လွဲ၍ ၄င်းနှင့် ထိစပ်နေသော ရပ်ကွက်ကျေးရွာများ

-      နှစ်စ ဇန်န၀ါရီလမှစ၍ လူနာရှိသော ရပ်ကွက်/ကျေးရွာများ

သွေးလွန်တုပ်ကွေး ဖြစ်နိုင်ခြေအများဆုံးရှိသော (Dengue Sensitive area)များ   

၅ နှစ်စာ Data (လူနာစာရင်း) မှန်ခဲ့ရင် အဲ့ဒီ data ကို ကြည့်ပြီး ခပ်မဲ့နေရာကို ရွေးလို့ရတယ် ။ ခက်တာက မြန်မာပြည်မှာ ဟိုဘက်ရပ်ကွက်ကိုလိုအပ်လို့ခပ်ရင် ဒီဘက်ရပ်ကွက်က သူတို့ကိုခပ်မပေးလို့အော်မယ်။ ပြည်သူနားလည်ဘို့အရေးကြီးတယ် ။ သတင်းပို့နည်းစနစ်မခိုင်မာသေးတဲ့ အပြင်

လူနာစာရင်း သွေးလွန်တုပ်ကွေး(ဖြစ်/သေ)ကို လျေါ့ချချင်လို့ စာရင်းဖျောက်ခဲ့ကြရတဲ့ မြန်မာပြည်မှာတော့ (လူနာစာရင်း) မမှန်။

ဒီတော့တစ်ချက်ခုတ်နှစ်ချက်ပြတ် လူနာတွေ့ကြောင်းသတင်းပို့ရင် ကာကွယ်နှိမ်နင်း ( Mass Larviciding activity ) အပါအ၀င်ပေါ့ ကျန်းမာရေးဌာနက မနှေးအမြန် ဆောင်ရွက်ရန်(မှတ်ချက် -လမ်းစရိတ် လခထဲကသုံး ) ။ နတ်ပန်းအိုး မဖြစ်မနေခပ်။ ဘုရားပန်းအိုးအိမ်ရှင်ကပုံမှန်မလဲဘူးလို့ထင်ရင်ခပ်ထားခဲ့။ အဘိတ်ပမာဏ လက်ညှိုး၊ လက်မ၊ လက်ခလယ် သုံးချောင်းထဲ ပါသလောက် ယူခပ်။

အချို့နိုင်ငံတွေမှာ Abate Campaign ရှိတယ်။  ၂ လ ၃ လ တစ်ကြိမ်ခပ်ကြတယ်။ ဒါ့ကြောင့်ပိုးလောက်လန်းက Abate ကို ဆေးယဉ်သွားတာတွေ ရှိတယ်။

ခပ်တဲ့ဝန်ထမ်းတွေကို Supervision အရေးကြီးတယ်။ dose မှန်ဘို့ Guideline အတိုင်းလိုက်နာဘို့ ။


No comments:

Post a Comment