၆ လအောက်ကလေးကို မိခင်နို့တစ်မျိုးသာ တိုက်ပါ
**********************************
၆ လအောက်ကလေး ရေမတိုက်နဲ့ ပြောခြင်းသည် ကလေးကို ရေငတ်ထားခြင်းမဟုတ်ပါ။ မိခင်နို့(သို့) နို့ ဗူး formula မှ ပေးသောရေနှင့် လုံလောက်ပြီဟု ပြောခြင်းဖြစ်ပါသည်။
လူကြီးတိုက်သော ရေပို ကို မဖွံဖြိုးသေးသော ကလေး၏ ကျောက်ကပ်က မစွန့်နိုင်သောအခါ ကိုယ်ခန္ဓာတွင်း ရေနှင့်ဆားမမျှဘဲ ရေပိုက ဦးနှောက်ထဲ ရောက်သွားပါသည်။ ရေ"ပို" ပမာဏပေါ်မူတည်၍ အောက်ပါအချက်များကို ကလေးခံစားရနိုင်ပါသည်။
(၁) မျက်နှာဖောရောင်ခြင်း
(၂) ဦးနှောက်လေးလံထိုင်းမှိုင်း၍ ခါတိုင်းထက် အိပ်ငိုက်ခြင်း
(၃) ဦးနှောက် ရောင်ပွ၍ အလွန်အကျွံငိုခြင်း
(၄) ကြွက်သားများ ပုံမမှန်လှုပ်ရှားခြင်း/ ကြွက်တက်ခြင်း
(၅) အန်ခြင်း
(၆) အခြားအကြောင်းမရှိဘဲ တက်ခြင်း
(၇) အကြိမ်ကြိမ်တက်ပြီး သေဆုံးခြင်း
(၈) မသေသော်လည်း ဉာဏ်ရည် နိမ့်ကျခြင်း၊ နားလေးခြင်း၊ လမ်းလျှောက်နိုင်သောကြွက်သားများ ရာသက်ပန်ပျက်စီးသွားခြင်းတို့ဖြစ်နိုင်ပါသည်။
မွေးကင်းစနှင့် ၆ လအောက်ကလေးကို ရေ"ပို" တိုက်မိခြင်းသည် မသိနားမလည်၍လည်းဖြစ်နိုင်သည်။ ငွေကြေး အခက်အခဲကြီးလွန်း၍ နို့မှုန့်ဖျော်ရာတွင် ရေပိုထည့်ခြင်းလည်း ဖြစ်နိုင်သည်။ နို့မှုန့်ဖျော်ရာတွင် တခါတရံ မတော်တဆမှားယွင်းခြင်းလည်းဖြစ်နိုင်ပါသည်။
မည်သို့အကြောင်းကြောင့်ဖြစ်စေ ဤစာဖတ်ပြီးလျှင် မွေးစကလေးကို ရေတိုက်လိုသူမိဘဘိုးဘွားများ နားလည်မှုရရှိသွားစေရန် မျှော်လင့်ပါသည်။
#နေနေမိုးဆွေ (Child Health Myanmar)
Photo Credit to Google
#naynaymoeswe
Monday, July 10, 2017
မိခင်နို့
Beri Beri
တစ်နှစ်အောက်ကလေးနှင့် Beri Beri
••••••••••••••••••••••••••••••
(၁) အရေးကြီးသည်။
••••••••••••••••••••••••••••
မြန်မာနိုင်ငံရှိ တစ်နှစ်အောက်ကလေး သေဆုံးခြင်း၏ အလွန်အရေးကြီးသော အကြောင်းရင်း တစ်ခုဖြစ်သည်။ ဝမ်းနည်းစရာကောင်းသည်က အခြားနိုင်ငံများတွင် ဤပြဿနာ မရှိသလောက်နည်းပြီး မီးနေသည် အစားရှောင်လွန်းသော ရိုးရာဓလေ့ရှိသည့် မြန်မာပြည်တွင် အဖြစ်များနေခြင်းဖြစ်သည်။
(၂) ဘာရောဂါလဲ။
••••••••••••••••••••••••••••
"နို့တိုက်မိခင်" အစားရှောင်လွန်း၍ ဗိုက်တာမင် ဘီဝမ်းက နို့ရည်ထဲတွင် ချို့တဲ့ပြီး ကလေးက ဗိုက်တာမင်ဘီဝမ်းမရသော ရောဂါဖြစ်သည်။
(၃) ဗိုက်တာမင် ဘီဝမ်း၏ တာဝန်
••••••••••••••••••••••••••••
ဗိုက်တာမင် ဘီဝမ်းက ကလေးအသက်ရှင်ဖို့ မရှိမဖြစ်လိုသည်။ စို့လိုက်သော နို့ရည်မှ ကစီဓာတ်ကို အားအင်အဖြစ်ပြောင်းပေးသည်။ ဦးနှောက်နှင့် အာရုံကြောများ ပုံမှန်အလုပ်လုပ်ဖို့လိုအပ်သည်။
(၄) မိခင်နို့မှ ဗိုက်တာမင်ဘီဝမ်းမရခြင်း
••••••••••••••••••••••••••••
ဘီဝမ်းချို့တဲ့ပြီး အစောဆုံး ၁လအတွင်း ရောဂါ လက္ခဏာစတင်သည်။ ရောဂါလက္ခဏာစပြသည်နှင့် ဗိုက်တာမင်ဘီဝမ်းကို အချိန်မီ ထိုးပေးလျှင်၊ တိုက်ကျွေးလျှင် ကလေးအသက်ကယ်နိုင်သည်။
အကြောင်းအမျိုးမျိုးကြောင့် ကုသမှုမခံယူနိုင်၍၊ ကုသမှုယူရကောင်းမှန်းမသိ၍ မြန်မာနိုင်ငံမှ ၃-၄ လ အရွယ် ကလေးငယ်များ မြောက်မြားစွာ သေဆုံးခဲ့သည်။ သေဆုံးနေဆဲဖြစ်သည်။
(၅) ကလေး၏ ရောဂါလက္ခဏာများ
••••••••••••••••••••••••••••
(က) ၁ လမှ ၃ လ အရွယ်
-----------------------
-နှလုံးထိခိုက်၍ သွေးလှည့်ပတ်မှု ချို့ယွင်းပြီး တကိုယ်လုံး ဖောရောင်ခြင်း
-အသည်းကြီး၍ ဗိုက်ပူလာခြင်း
-အသက်ရှူ အလွန် မြန်လွန်းခြင်း
-ပြာနှမ်းလာခြင်း
*မကုလျှင် ၂နာရီမှ ၄နာရီအတွင်း သေဆုံးသည်။
(ခ) ၄ လမှ ၆ လ အရွယ်
-----------------------
-နို့မစို့နိုင်သည်အထိ အားအင်နည်းခြင်း
-အဆက်မပြတ် ညည်းငြူငိုပြီးနောက် အသံအိုးအလုပ်မလုပ်နိုင်တော့၍ နောက်ဆုံး အသံပါမထွက်နိုင်တော့ခြင်း
*မကုလျှင် ၃-၄ ရက် အတွင်း အသက်ဆုံးရှုံးနိုင်သည်။
(ဂ) ၇ လမှ ၉ လ အရွယ်
-----------------------
-ကြီးထွားမှု နှောင့်နှေးခြင်း
-အော့အန်ခြင်း
-ဦးနှောက်ထိခိုက်၍ တက်သွားခြင်း
(၆) ကာကွယ်နည်းများ
•••••••••••••••••••
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရပြည့်အောင်စားပါ။ ဘီဝမ်းကို သန့်ရှင်းလတ်ဆတ်သော ကြက်၊ ဝက်၊ ငါး၊ ဆန်လုံးညို၊ ပေါင်မုန့်၊ ကြက်ဥ၊ ပဲအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်မျိုးစုံမှ ရသည်။ ထမင်းချက်လျှင် ဆန်ကို လွန်ကဲစွာ ပွတ်ဆေးခြင်းမှ ရှောင်ပါ။ ထမင်းရည်ကိုငှဲ့ချက်လျှင် ဗိုက်တာမင် ဘီဝမ်းဆုံးရှုံးနိုင်သည်။
"နို့စို့ကလေး"တွင် ရောဂါလက္ခဏာများ ရုတ်တရက် ဖြစ်ပေါ်လျှင် ဆေးမြီတိုနှင့် မကုဘဲ နီးစပ်ရာဆေးရုံသို့ ချက်ချင်းသွားပါ။
ကျန်းမာရေး အသိပညာရှိသော မိဘများက အသိပညာနည်းသေးသော မိခင်များအား ဤကျန်းမာရေးဗဟုသုတ မျှဝေပေးခြင်းဖြင့် မြန်မာနိုင်ငံ၏ တစ်နှစ်အောက်ကလေး သေဆုံးမှုနှုန်းလျော့နည်းအောင် ကူညီပေးနိုင်ပါစေဟု ရည်ရွယ်ရေးသည်။
နေနေမိုးဆွေ (Child Health Myanmar)
Reference: WHO- international nutrition guidelines, UNICEF infant mortality data, pubmed articles.
Photo Credits to Google.
#infantileberiberi
#naynaymoeswe
Saturday, July 8, 2017
Haemophilus influenzae
Haemophilus influenzae ရောဂါပိုးဖြစ် ပွားသော ရောဂါများ
၁။ Bacterial meningitis
Bacterial meningitisရောဂါဆိုသည်မှာ ဦးနှောက် နှင့် ကျောရိုးအာရုံကြောမကြီးကို ရစ်ပတ်ထားသော အမြှေးပါး များရောင်ရမ်းခြင်း ဖြစ်သည်။ ကလေးများတွင် ဖြစ်တတ်သည့် ဦးနှောက် အမြှေးရောင် ရောဂါ များအနက် Hib ရောဂါပိုးကြောင့် ဖြစ်ပွားမှုသည် အများဆုံးဖြစ်သည်။ ထိုရောဂါဖြစ်ပွားပါက သေဆုံးမှုနှုန်းများပြားပြီး မသေဆုံးလျင်လည်း ဦးနှောက် အာရုံကြော ချွတ်ယွင်း ပျက်စီးပြီးဥာဏ်ရည်မမီခြင်း နားမကြားခြင်းဖြစ်တတ်ပါသည်။
၂။ အဆုတ်ရောင်ရောင်ရောဂါ Pneumonia
ကလေးများတွင်ဖြစ်သော အဆုတ်ရောင်ရောဂါ ၏အဓိက အကြောင်း မှာ Hib ရောဂါပိုးကြောင့်ဖြစ်သည်။ Bacteria ပိုးကြောင့် အဆုတ်ရောင် ရောဂါ၏ ၂၅ % မှ ၃၀% ခန့် Hib ပိုးကြောင့် ဖြစ်သည် ။
၃ ။အခြား ရောဂါများ
က။ သွေးဆိပ်တတ်ခြင်း (သွေးထဲ တွင် Hib ပိုးပျံ့နှံ့ခြင်း
ခ။ အဆစ်ရောင်ရမ်းခြင်း
ဂ။ အရိုးရောင်ရမ်းခြင်း
ဃ။ အသံအိုးအပေါ်ပိုင်းအဖုံးအမြှေးပါး ရောင်ရမ်းခြင်း
င။လည်ချောင်းရောင်ရမ်းခြင်း။
Haemophilus influenzae ရောဂါပိုးကြောင့်ဖြစ်ပွားသောရောဂါ များကို ထိရောက်စွာမကုသပါက ရောဂါဖြစ်သူ ထက်ဝက်ခန့် သေဆုံးနိုင်ပါသည်။
Wednesday, June 21, 2017
မွေးကင်းစကလေး ၏ ယေဘုယျအန္တရာယ် လက္ခဏာ များ
မွေးကင်းစကလေး ၏ ယေဘုယျအန္တရာယ် လက္ခဏာ များ
၁။ အလွန်သေးငယ်သော ကလေး
ကိုယ်အလေးချိန် ၁၅၀၀ ဂရမ်အောက်
အလွန်အမင်းလမစေ့(သို့) ၃၂ပတ် အောက် ၂ လ ထက်စောမွေးသောကလေး)
၂။ လုံးဝနို့မစို့နိုင်သော ကလေး
နို့မစို့နိုင်သေးခြင်း ( မွေးပြီး ၆ နာရီ ကြာသည်အထိ)
နို့လုံးဝမစို့ခြင်း
၃။ အန္တရာယ်ဖြစ်နိုင်သောအသားဝါခြင်း
ကလေးသည် မွေးပြီး ၂၄ နာရီ အတွင်း မျက်နှာမှ အရေပြားဝါခြင်း
ကလေးအသက် ၂၄ နာရီ ပြည့်ပြီးပါက လက်ဖဝါးနှင့် ခြေဖဝါး အထိဝါခြင်း
ကလေးအသက် ၁၄ ရက်ကျော်သည် အထိအသားဝါခြင်း (ရက်ရှည်အသားဝါခြင်း)
၎။ အသက်ရှူလမ်းကြောင်းနှင့်ပတ်သက်သောအန္တရာယ် လက္ခဏာ များ
အသက်ရှူမြန်ခြင်း(တစ်မိနစ် ၆၀ ကြိမ်ထက်များခြင်း)
အသက်ရှူနှေးခြင်း ((တစ်မိနစ် ၃၀
ကြိမ်ထက်နည်းခြင်း)
ညည်းခြင်း ။ နှုတ်ခမ်းလျှာပြာနှမ်းခြင်း။အသက်ရှူစဉ်နှာခေါင်းဝလှုပ်ရှားခြင်း
ပြင်းထန်သောရင်ဘတ်ချိုင့်ဝင်ခြင်း
၅ ။ တတ်ခြင်း
၆ ။ ပျော့ဖတ်ခြင်း ။ တောင့်တင်းခြင်း
၇။ ချက်နှင့်ပတ်သက်သောအန္တရာယ် လက္ခဏာ များ
ချက်ရောဂါပိုးဝင်ခြင်း
ချက်မှပြည်ထွက်ခြင်း
ချက်နှင့် ချက်ပတ်လည် အရေပြားနီရဲနေခြင်း
ချက်တိင်ငုတ်တို ( သို့) ဖြတ်ထားသည့်နေရာမှ သွေးယိုထွက်နေခြင်း
၈။အရေပြားရောဂါပိုးဝင်ခြင်း
အရေပြား ပြည်ဖု ၁၀ ခုထက်များ ခြင်း
ပြည်ဖုများကြီးနေခြင်း
အရေပြားရောင်နေခြင်း နီခြင်း မာနေခြင်း
၉။ ဖြူဖျော့နေခြင်း
၁၀။ကိုယ်အပူချိန်နှင့် ပတ်သက်သောအန္တရာယ် လက္ခဏာ များ
ကိုယ်အပူချိန်တတ်ခြင်း ဖျားခြင်း
(အပူချိန် ၃၈ °C ထက်များခြင်း)
ကိုယ်အပူချိန်ကျခြင်း (အပူချိန် ၃၅°C အောက်)
ပြန်နွေးအောင် ဆောင်ရွက်ပေးသော်လည်း အပူချိန် ၃၅°C ထက်နည်းခြင်း (သို့)ကိုယ်အပူချိန် ပြန်မတတ်လာခြင်း
Sunday, June 11, 2017
Basic Pharmacology
Basic Pharmacology အခြေခံဆေးဝါးဗေဒ
အသုံးအနှုန်းများ
. Symptomatic treatment ရောဂါလက္ခဏာကို သက်သာစေရန်ကုသခြင်း၊
. Curative treatment ရောဂါဖြစ်စေသည့် အကြောင်းရင်းအား ကုသခြင်း၊
. Placebo လူနာကျေနပ်ရစေရန် ကုသခြင်း၊
. Radical cure ရောဂါစင်အောင်ကုသခြင်း၊ ငှက်ဖျားရောဂါ၌ သုံးတတ်သည်
. Prescription ဆေးစာ၊
Dose ဒို့စ်
ဆေးကို တကြိမ်လျင် မည်မျှပေးရသည်ကို ဆိုလိုသည်။ ဒို့စ်သည် လူနာ၏ အသက်ပေါ် မူမတည်၊ လူနာ၏ ကိုယ်အလေးချိန် အပေါ်မူတည်သည်။ တကြိမ်လျင် ဆေးအလေးချိန်မည်မျှ တိုက်ရမည်။ တနေ့ကို အကြိမ်မည်မျှ တိုက်ရမည်၊ အတိအကျ ညွှန်းရသည်။ အစားနှင့်နီး-ဝေးရမည်၊ ရေများများသောက်ရန်လို-မလို၊ ဆေးသောက်ပြီး နားရန်လို-မလို၊ အခြားဆေးများ နှင့်အတူတိုက်ရ-မတိုက်ရ စသဖြင့်လည်း ညွှန်းပေးရမည်။
Course ကို့စ်
ဆေးကို မည်မျှကြာကြာပေးရမည်။ ပဌမ ကို့စ်ပြီးနောက် ဒုတိယကို့စ် လိုချင်လိုမည်။ ဥပမာ မေးခိုင်ရောဂါ ကာကွယ်ဆေးကို တလခြား နှစ်ခါထိုးရသည်။ တီဘီဆေးများပေးလျှင် ၃ လ၊ ၆ လ၊ ၉ လ။
Routes of administration ဆေးပေးရန်လမ်းကြောင်းအမျိုးမျိုး၊
1. Topical တော့ပီကယ် အပေါ်ယံမှပေးခြင်း၊
• Epicutaneous အရေပြားပေါ်သို့ပေးခြင်း၊ e.g. allergy testing, topical local anaesthesia ထုံဆေး၊ ဆေးတည့်မတည့် စမ်းခြင်း
• Inhalational ရှူဆေး၊ e.g. Asthma medications ပန်းနာဆေး
• Enema စအိုမှပေးခြင်း၊ e.g. contrast media for imaging of the bowel ဝမ်းခြူခြင်း။
• Eye drops မျက်စိထဲထည့်ခြင်း၊ onto the conjunctiva, e.g. antibiotics for conjunctivitis မျက်စဉ်း
• Intranasal နှာခေါင်းထဲထည့်ပေးခြင်း၊ into the nose, e.g. decongestant nasal sprays နားဆေးရည်
• Vaginal မွေးလမ်းကြောင်းထဲထည့်ခြင်း၊ e.g. topical estrogens, antibacterial
2. External အပြင်မှထည့်ပေးခြင်း
• Oral/ Orally/By Mouth ပါးစပ်မှပေးခြင်း၊ ဆေးပြား၊ ဆေးရည်၊ ဆေးတောင့်။ tablets, capsules, or drops
• By gastric feeding tube အစာလမ်းထဲပြွန်ဖြင့်ပေးခြင်း feeding tube, or gastrostomy, many drugs and parenteral nutrition
• Rectally အစာဟောင်းအိမ်ထဲထည့်ပေးခြင်း various drugs in suppository or enema form
3. Parenteral by injection or infusion ထိုးသွင်းပေးခြင်း
• IV = intra-venous သွေးပြန်ကြောထဲသွင်းခြင်းe.g. total parenteral nutrition
• IA = intra-arterial သွေးလွှတ်ကြောထဲသွင်းခြင်း e.g. vasodilator drugs and thrombolytic drugs
• IM = Intra-muscular ကြွက်သားထဲထိုးခြင်း e.g. many vaccines, antibiotics
• IC = Intra-cardiac နှလုံးထဲထိုးခြင်း e.g. adrenaline
• S/C = Sub-cutaneous အရေပြားအောက်ထဲထိုးခြင်း e.g. insulin
• IO = Intra-osseous infusion အရိုးထဲသွင်းခြင်း
• ID = Intra-sermal အရေပြားထဲသွင်းခြင်း for skin testing some allergens, and also for tattoos and BCG vaccine
• IT = Intra-thecal ခါးရိုးဆစ်ပြွန် စပိုင်နယ်-ကယ်နယ် ထဲသွင်းခြင်း for spinal anaesthesia and chemotherapy
• IP = Intra-peritoneal ဝမ်းဗိုက်အခေါင်း ပယ်ရီတိုနီယမ် ထဲသွင်းခြင်း e.g. peritoneal dialysis
4. Other means အခြားနည်းလမ်းများ
• Epidural အပီဂျူရယ် ခါးရိုးဆစ်ထဲအရည်သွင်းခြင်း
• Spinal anaesthesia SA ခါးရိုးဆစ်ထဲထုံဆေးထိုးခြင်။
Risks of IV intravenous therapy သွေးပြန်ကြောထဲ ဆေးသွင်းခြင်း၏ အန္တာရာယ်များ
• Infection အင်ဖက်ရှင် ပိုးဝင်ခြင်း၊
• Phlebitis သွေးပြန်ကြောရောင်ခြင်း
• Infiltration အခြားနေရာများသို့ ဆေးရောက်သွားခြင်း
• Fluid overload အရည်လိုအပ်သည်ထက် များသွားခြင်း
• Electrolyte imbalance ဓါတ်ဆားအချိုး မမျှတဖြစ်သွားခြင်း
• Embolism သွေးကြောပိတ်ခြင်း
ဆေးအုပ်စုများ ၉စု
1. Antacids အစာအိမ် အက်စစ်ဓါတ်ပျယ်ဆေးများ၊ Aluminium Hydroxide, Magnesium Trisilicate, Magnesium Carbonate, Calcium Carbonate
2. Antibiotics ပဋိဇီဝဆေးများ၊ ရောဂါပိုးများကို နိုင်သည့်ဆေးများ၊
3. Anticholinereics/Antispasmodics အင်တီ-ကိုလီနားဂျစ် အင်တီ-စပတ်စ်မိုးဒစ် အနာသက်သာဆေး၊
4. Antihistamines အင်တီ-ဟစ်တမင်း၊ Avil, Burmeton, Alrid, Citrizine etc.
5. Antihypertensive အင်တီ-ဟိုင်ပါတန်းဆစ်ဖ်၊ သွေးတိုးကျဆေး၊
• Diuretics ဆီးသွားစေသည့်ဆေး Hydrochlorothiazide, Lasix and Trosemide Demadex, the combination of Triamterene and Hydrochlorothiazide Aquazide, and metolazone Zaroxolyn
• Beta-blockers ဘီတာ-ဘလော့ကား Antolol, Propranolol, Inderal, Metoprolol, Nadolol, Betaxolol, Acebutolol, Pindolol and Bisoprolol
• ACE inhibitors အေစီအီး-အင်ဟဗစ်တား၊ Enalapril, Captopril, Lisinopril. Benazepril, Quinapril, Perindopril, Ramipril, Trandolapril, Fosinopril Monopril, and Moexuoril,
• Angiotinsin receptor blocker ARB အေအာရ်ဘီ Losartan, Irbesartan, Valsartan, Candesartan, Olmesartan, Telmisartan, and Eprosartan
• Calcium channel blockers CCBs စီစီဘီ Amlodipine, Sustained release Nifedipine, Felodipine, and Nisoldipine
• Alpha – blockers အာလ်ဖါ-ဘလော့ကား အုပ်စု Clonidine
6. Beta blockers ဘီတာ-ဘလော့ကား အလိုအလျောက်တုံ့ပြန်သည့် အာရုံကြောစနစ်တွင် အရေးပါသော Adrinaline Epinephrine ကို တားဆီးမှု လုပ်သည့် ဆေး။ နှလုံးတင်းအားလျော့စေသည်။ နှလုံးခုံနှုန်းလျော့မည်။ နှလုံး၊ ဦးနှောက်နှင့် တကိုယ်လုံးရှိ သွေးကြောများ၏ ကြုံ့နိုင်စွမ်းနည်းစေမည်။ နှလုံးသွေးကြောကျဉ်းရောဂါတို့ အတွက် ဆေးများ၊ နှလုံးခုံနှုန်း မမှန်သည့် Cardiac arrhythmias, Tachycardias ရောဂါအတွက် သုံးသည်။ နှလုံးက အောက်စီဂျင် လိုအပ်မှုအား လျော့ချပေးသဖြင့် နှလုံးသွေးကြောကျဉ်းရောဂါအတွက်သုံးသည်။ သွေးတိုးကိုလည်းကျစေသည်။ အခြား အသုံးဝင်မှုများမှာ မိုင်ဂရင်း ခေါင်းကိုက်-ခေါင်းမူး ရောဂါ၊ ခြေလက်တုံအကြောက်ရောဂါ၊ Stage fright Social phobia အကြောက်ရောဂါတမျိုး တို့ဖြစ်သည်။
7. Corticosteroids ကော်တီကို-စတီရွိုတ် အရောင်လျော့စေသည့်ဆေး၊ နီခြင်းကို သက်သာစေသည်။ အလာဂျီ ဖြစ်ခြင်းကို သက်သာစေသည်၊ ရောဂါလက္ခဏာကို သက်သာစေသည့်ဆေးများ၊ အောက်ပါတို့  အတွက်သုံးသည်။
• Endocrine Disorders အင်ဒိုခရိုင်းရောဂါများ၊
• Rheumatic Disorders ရူမက်တစ်ရောဂါ၊
• Collagen Diseases ကိုလာဂျင်ရောဂါ၊
• Dermatologic Diseases အရေပြားနာများ၊
• Allergic states အလာဂျီ ဖြစ်ခြင်း၊
• Ophthalmic diseases မျက်စိရောဂါများ၊
• Respiratory Disorders အသက်ရှူလမ်းရောဂါ၊
• Hematoloeic Disorders သွေးရောဂါ၊
• Neoplastic Diseases ကင်ဆာရောဂါ၊
• Edematous states ကိုယ်ရောင်ခြင်း၊
8. Dirutics ဆီးသွားစေသည့် သွေးတိုး၊ ကိုယ်ရောင်ခြင်းများ အတွက် သုံးသည့်ဆေးများ၊
9. NSAID Non-steroidal anti-inflammatory drugs = စတီရွိုက်မပါသော အနာ-အဖျား-အရောင်ကျ ဆေးများ၊ အများဆုံးသော အကိုက်-အဖျား-အနာ သက်သာဆေးများဖြစ်သည်။ အဖျားကျဆေးဝါးများ၊ ရုတ်တရက်နာခြင်းများ၊ အပူခံရခြင်း၊ ထိခိုက်ခံရခြင်း၊ ဆွဲဆန့်ခံရခြင်း၊ အရွက်လစ်ဂမင့် စုတ်သွားခြင်း၊ အရိုးကျိုးခြင်း၊ ရှနာခြင်း၊ အတွင်းကျေခြင်း၊ သွေးခြေဥခြင်း၊ နာတာရှည် ရိုးရိုးနာခြင်းများ၊ အဆစ်နာရောဂါ၊ အထက်ပါဆေးများနှင့် လည်းပျောက်နိုင်သည်။ နာတာရှည် ကင်ဆာ နာခြင်းများအတွက် ပိုမိုပြင်းသည့်ဆေးများ ပေးရန်လိုမည်။
၁။ ကြွက်သားနာခြင်း၊ ကြွက်သားတင်းခြင်း။ စိတ်တင်းကြပ်ခြင်း။ သာမန်ဆေးများနှင့်၎င်း၊ ရုပ်ပိုင်းကုသမှု ဖီဇီယိုသာရာဖီ၊ အကြောလျော့နည်းများလည်း လိုအပ်မည်၊
၂။ မိုင်ဂရင်းရောဂါ၊ ဦးခေါင်းထဲရှိ သွေးကြောကျယ်ပြန့်မှုကြောင့်ဖြစ်။ သာမန်ဆေးများနှင့်မရပါက သီးခြား ဖေါ်ထားသည့်ဆေးများပေးရမည်၊ အနာသက်သာစေရန်လမ်းညွန်။ ဆိပ်ငြိမ်သော အခန်းထဲ လှဲနေပါ၊ နဖူးပေါ် အအေးဝတ် တင်ပါ၊ ဦးရေခွံ၊ နားထင်ကို နာနာ နှိပ်ပေးပါ၊
၃။ ဆိုင်းနပ်စ်ခေါ် အရိုးတွင်း လေခိုပေါက်များရောဂါ၊ ဦးခေါင်းရိုးအတွင်း လေခိုနေရာများတွင်း ပိုးဝင်ခြင်း၊ ပိတ်နေခြင်း၊ ကြောင့်ဖြစ်သည်။ အိပ်ယာအထတွင် ပိုဆိုးပြီး၊ မတ်တပ်ရပ်လိုက်လျင် သက်သာတတ်သည်။ သာမန်ဆေးများနှင့် မရပါက ပိတ်နေသည်အား ဖေါက်ပေးရမည်။
အနာသက်သာဆေး၊ အဖျားကျဆေးဝါးများ၊
Argotamine Ergostat, Dihydroergotamine Migranal, Sumatriptan Imitrex, Zolmitriptan Zomig, Naratriptan Amerge, Rizatriptan Maxalt, Almotriptan Axert, Eletriptan Relpax, Frovatriptan Frova, Narcotic Stadol nasal spray, Medicines that contain a Barbiturate တို့နှင့် ဘိန်း ပါသောဆေးများကိုလည်းသုံးနိုင်သည်။ သို့သော် မစွဲစေရန်သတိထားရမည်။
Aspirin
စတီရွိုက်မပါသော အရောင်သက်သာစေသည့်ဆေးအုပ်စု Non-steroidal anti-inflammatory drugs NSAIDs ဝင်ဖြစ်သည်။ အကိုက်၊ အနာ၊ အဖျား၊ အရောင်၊ ဒဏ်ရာရ၍နာခြင်း၊ လစဉ်သွေးဆင်းစဉ်နာခြင်း၊ အဆစ်နာခြင်း အမျိုးမျိုး၊ ကြွက်သား- အရိုးနာခြငးတို့အတွက် သုံးနိုင်သည်။ ၎င်းသည် သွေးခဲခြင်းမှ ဟန့်တားစေသော သတ္တိရှိသဖြင့် နှလုံးသွေးကြောကျဉ်း ရောဂါ ကာကွယ်ရာတွင်လည်း အသုံးဝင်သည်။ အစာနှင့်တွဲပေးရမည်။ အစာအိမ်နာရှိသူများ ကျောက်ကပ် မကောင်းသူများ ရှောင်ရမည်။ တခါတရံ ပန်းနာရှိသူများ အတွက်ရှောင်သင့်သည်။ ဂေါက်ရောဂါ ရှိသူများကို မပေးသင့်၊ တုပ်ကွေး၊ ရေကြောက် ရောဂါရှိသူများကို မပေးသင့်၊ ကိုယ်ဝန်ရှိနေစဉ်နှင့် ကလေးနို့တိုက်နေစဉ် ရှောင်သင့်သည်။
မကောင်းသောသတ္တိများ၊ နားပါးသည်။ များများပေးက ဆိုးရွားနိုင်သည်။ အစာအိမ်နှင့် အူတွင် အနာဖြစ်၊ နားထဲက အသံထွက်၊ ခေါင်းကိုက်၊ ခေါင်းမူးအိပ်ချင်၊ ဗိုက်နာ၊ ပျို့၊ ဝမ်းပျက်၊ ရင်ပူလောင်၊ ဝမ်းထဲ သွေးယိုနေက ဝမ်းအမဲ ရောင်သွားမည်။ သွေးအားနည်းခြင်း ဖြစ်မည်။
Ibuprofen
စတီရွိုက် မပါသော အရောင် သက်သာစေသည့်ဆေးအုပ်စု NSAIDs ဝင်ဖြစ်သည်၊ ၎င်းကို သာမန်အကိုက်၊ အနာ၊ အဖျား၊ အရောင်၊ ရာသီဆင်းစဉ်နာခြင်းတို့အတွက် သုံးနိုင်သည်။ ၂ဝဝ-၄ဝဝ မီလီဂရမ်၊ ၄-၆ နာရီခြား၊ အဆစ်နာခြင်း၊ ၃ဝဝ-၈ဝဝ မီလီဂရမ်၊ ၃-၄ နာရီခြား၊ ကလေး၊ ၆လ မှ ၁၂ နှစ်၊ ၅-၁ဝ မီလီဂရမ်၊ ကေဂျီ၊ အများဆုံး ၃.၂ ဂရမ် ထက်မပိုစေရ၊ ၁ဝ ရက်ထက် မကျော်စေရ၊ အစာနှင့် တွဲပေးရမည်။
မကောင်းသောသတ္တိများ၊ အနီရောင်အင်ပြင်၊ နားထဲက အသံထက်၊ ခေါင်းကိုက်၊ ခေါင်းမူး၊ အိပ်ချင်၊ ဗိုက်နာ၊ ပျို့၊ ဝမ်ပျက်၊ ရင်ပတ်ပူလောင်၊ အစာအိမ်နှင့် အူတွင် အနာဖြစ်မည်။ ဝမ်းထဲသွေးယိုနေက ဝမ်းအမည်းရောင် သွားမည်၊
Antacids and Acid reducers chart လေနာရောဂါအတွက်ပေးရမည့်ဆေးများ၊
Antacids အင်တီအက်စစ်၊
• Aluminium Hydroxide and Oxide 250-1500 mg TDS
• Calcium carbonate and magnesium hydroxide milk of magnesia
• Calcium Carbonate 1250-1500 Oral
• Magnesium Oxides and Magnesium hydroxide milk of magnesia 200-400 mg TDS Oral
• Sodium bicarbonateand citric acid
• Bismuth Subsalicylate 530 mg QID
H Blockers2 ဘီတာဘလော့ကာများ၊
• Cimetidine HCl 400 mg BD Oral
• Famotidine 20-40 mg Oral
• Ranitidine 150 mg TDS Oral/IV/IM
Proton Pump Inhibitor ပရိုတွန်ပန့် အင်ဟဘစ်တာ
• Omeprazole 20-40 mg Daily Oral
• Other drugs အခြားဆေးများ
• Atropine Sulphate 0.5 to 1.0 mg IV/IM
• Amisulpride 0.714-4.285 mg/kg Daily Oral
• Diclofenac Na 75 mg deep IM or 25-75 mg BD Oral
• Lansoprazole 15-30 mg Daily Oral
လေနာရောဂါနှင့် မသင့်သည့်ဆေးများ၊
Aminophylline, Aminoprofen, Caffeine, Corticotropin, Diclofenac Na, Ibuprofen, Indomethacin, Mefenamic Acid, Methylprednisolone Na Succinate, Nicotine and Nicotinic Acid, Phenylbutazone, Prednisolone and Prednisone, Probenecid, Sodium Salicylate
Antibiotics ပဋိဇီဝဆေးများ အုပ်စု ၁၃ မျိုးခွဲထားသည်။
Dr. တင့်ဆွေ
မှတ်ခရု
ကလေးမက်ခရု အကြောင်း မှတ်စု
=====================
အလွန် အလွန် အဖြစ်များပါသည်။ သိထားဖို့တော့ လိုမည်။
A. ဘယ်ကလေးတွေဖြစ်
-၁ နှစ်အောက် ကလေးအဖြစ်များသည်။
B. ဘာလို့ဖြစ်
-မှိုတစ်မျိုးကြောင့်ဖြစ်
C. မှို ဘယ်ကရ
-နို့ဗူးမှ နိ့သီးခေါင်း (သို့) ချိုလိမ်ခေါင်း မသန့်ရှင်းလျှင် ရနိုင်သည်
-မိခင်နို့သီးခေါင်း ဝန်းကျင်တွင် ချွေးစိုလျှင် ပွားတတ်သော မှိုတစ်မျိုးက ကလေး ပါးစပ်ထဲ ကူးနိုင်သည် (မိခင်မသန့်ရှင်း၍ ဖြစ်သည်ဟု မဆိုလိုပါ. ထိုမှိုက လူတိုင်း၏ အရေပြားတွင် အနည်းငယ် ရှိနိုင်ပါသည်)
-ပုံမှန်တွင် ကလေးပါးစပ်ထဲတွင် ကောင်းကျိုးပြု ပိုးမွှားများက ဆိုးကျိုးပေးပိုးမွှားနှင့် မှိုများကို ကာကွယ်ပေးသော်လည်း တခါတရံ ပိုးသတ်ဆေး Antibiotics သာက်ရသော ကလေးတွင် ကောင်းကျိုးပြု ပိုးများသေသောအခါ ကလေးလျှာပေါ် မှိုစွဲနိုင်သည်
D. ဘာလက္ခဏာပြ
-လျှာက အဖြူပတ်က နို့ဖတ်လို အလွယ်တကူ ဖယ်မရပါ
-လျှာပေါ်အဖြူဖတ်ပဲရှိရုံနှင့် ကလေးမနာပါ
E. ဘယ်လိုကု
-၁ ပတ် ၂ ပတ်တွင်း အလိုလို ပျောက်သွားတတ်သောကြောင့် ခဏ စောင့်ကြည့်ပါ. နို့ဆက်တိုက်ပါ.
F. ကလေး ဘယ်ခါနာ
-အဖြူဖတ်ကို ခွာပစ်ဖို့ကြိုးစားလျှင် လျှာပေါ်အနီရောင် မျက်နှာပြင်ကျန်ခဲ့ သည့်အခါ နာနိုင်သည်
G. ဆရာဝန် ပြဖို့ ဘယ်ခါလို
(၁) ခံတွင်း ဘေးနံရံများနှင့် အပေါ်ခေါင်မိုးပါဖြစ်ပြီး ကလေးနာနေပုံပေါ်လျှင်
(၂) ခဏခဏဖြစ်ပြီး ကလေး ကိုယ်လေးချိန်မတက်လျှင်
(၃) အဖြူဖတ်ထွက်ပြီး နို့မစို့လျှင်
(၄) အဖြူဖတ်ထွက်ပြီး အရမ်းဖျားလျှင်
(၅) အဖြူဖတ် အမြဲရှိ, မွေးစားကလေး ဖြစ်ပြီး ကလေး ရောဂါ ရာဇဝင် မသိလျှင်
H. ဆရာဝန်က ဘာဆေးပေးဖို့ မျှော်လင့်
-Nystatin ဟုခေါ်သော ဆေးရည် တစ်မျိုးကို လျှာ ဘေး နှစ်ဖက်တွင် ၂ စက်စီ တစ်နေ့ ၄ ကြိမ် ၁၀ ရက် ထည့်ပေးပါ။ ဆေးထည့်ပြီး ၁၅ မိနစ် နို့မတိုက်ပါနဲ့။ ဆေးနဲ့ မှိုတွေ့အောင်ပါ။
I. ဘယ်လိုကာကွယ်
-မိခင်၊ နို့ဗူး၊ ချိုလိမ်တို့၏ နို့သီးခေါင်း သန့်ရှင်းပါစေ
-မလိုအပ်ပဲ ပိုးသတ်ဆေး antibiotics များ မသောက်ပါနှင့်
#နေနေမိုးဆွေ (Child Health Myanmar Page)
#naynaymoeswe
Tuesday, June 6, 2017
သွေးလွန်တုတ်ကွေး
ဒီနေ့ (၆၊၆၊၂၀၁၇) ကြေးမုံသတင်းစာပါ ကျနော့်ဆောင်းပါးပါ။သားသားမီးမီးရှိတဲ့ မိဘ အားလုံးအတွက် တကယ်ဖြစ်ပြီဆိုရင် အသက်အန္တရာယ်အထိ ခြိမ်းခြောက်နိုင်တဲ့ သွေးလွန်တုပ်ကွေးနဲ့ ပတ်သက်တဲ့ "သွေးလွန်တုပ်ကွေး ကာကွယ်ရေး" နှင့် "သွေးလွန်တုပ်ကွေး ကာကွယ်ဆေး" အကြောင်း သေချာရေးပြထားပါတယ်။
တားဆီးကာကွယ် အိမ်တွင်းရန်စွယ်
"ဆရာတို့ ကျနော့်သားလေးကို ကယ်ကြပါဦးဗျ"
မန္တလေးက ကျောက်သူဌေး လင်မယားနှစ်ယောက်။သူတို့ရဲ့ တစ်ဦးတည်းသောသားလေးက သွေးလွန်တုပ်ကွေးရောဂါနှင့် ကလေးဆေးရုံမှာ ကုသမှုခံယူနေ။ဖျား
ပြီးလေးရက်မြောက်မှာ နှာခေါင်းသွေးယိုပြီး မှိန်းလွန်းလို့ ဆေးရုံလာတက်တယ်။
ဆေးရုံရောက်ပြီး နောက်ရက်မှာ ကော်ဖီရောင်အရည်တွေ( သွေးတွေ)တပွက်ပွက်အန်၊ကတ္တရာဆီးရောင် ဝမ်းမည်းမည်းတွေသွားပြီး သွေးပေါင်ပြုတ်ကျ တိုင်းမရတော့။ဆေးရုံကလည်း သွေးသွင်း၊သွေးရည်ကြည်သွင်း၊ဆလိုင်းသွင်း လိုအပ်သလို အဆက်မပြတ် ကုသပေးနေ။ ဆေးရုံရောက်ပြီး နှစ်ရက်ကြာတော့ ကလေးက သွေးလွန်တုပ်ကွေးက ဆိုးလွန်းတော့ ဦးနှောက်ထဲ သွေးယိုပြီး သတိလစ်သွား။ဝမ်းနည်းစရာပါပဲ။ကျနော်တို့ ကလေးကို မကယ်လိုက်နိုင်ခဲ့ဘူး။မိဘတွေကတော့ အရူးမီးဝိုင်းပေါ့။
မိဘတွေကြောက်သလို ဆရာဝန်တွေကြောက်တဲ့ သွေးလွန်တုပ်ကွေးပေါ့။မိဘတွေကို ရူးသွပ်စေသလို ဆရာဝန်တွေကိုလည်း စိတ်ဒဏ်ရာတွေ ပေးနိုင်လွန်းတဲ့ ရောဂါပါပဲ။ကျနော်တို့ရဲ့ နားကြပ်တွေနှင့် မရေမတွက်နိုင်တဲ့ သွေးလွန်တုပ်ကွေး ရောဂါသည် ကလေးငယ်တွေကို ကယ်တင်ဖူးသလို ကျနော်တို့ လက်ပေါ်မှာပဲ ကြွေလွင့်သွားတဲ့ ကြယ်ကလေးတွေကိုလည်း ရင်နာစွာ ကြုံခဲ့ရဖူးတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ခန့်မှန်းမှုအရ တစ်နှစ်မှာ လူဦးရေ သန်းငါးဆယ်(မြန်မာတစ်နိုင်ငံလုံး လူဦးရေနှင့် ညီမျှ)လောက်က သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံနေရတယ်။အဲဒီ သန်ငါးဆယ်ထဲက လူဦးရေ ငါးသိန်းလောက်က ရောဂါဆိုးလွန်းလို့ ဆေးရုံတက်ပြီး ကုသမှုခံယူနေရတယ်။ကံဆိုးတာက သွေးလွန်တုပ်ကွေးရောဂါသည်တွေရဲ့ ကိုးဆယ်ရာခိုင်နှုန်းက အနာဂတ်ရဲ့ ကြယ်ပွင့် ကလေးလူငယ်လေးတွေ ဖြစ်နေတာ ဝမ်နည်းဖွယ်တွေ့ရှိရတယ်။ခန့်မှန်းခြေ သွေးလွန်တုပ်ကွေးရောဂါသည် အယောက်တစ်ရာမှာ သုံးယောက်တော့ သေချာပေါက် သေဆုံးတာကို လေ့လာတွေ့ရှိရ။ရောဂါတကယ်ဆိုးပြီဆို သေခြင်းတရားကို ရှောင်လွှဲလို့ မရနိုင်တာ သွေးလွန်တုပ်ကွေးရောဂါပါပဲ။
"ကျနော့်သားလေးက ဘာဖြစ်လို့ သေဆုံးရတာလဲဗျ"
ကျောက်သူဌေး ကလေးအဖရဲ့ ငိုရင်နဲ့ မေးတဲ့ မေးခွန်း။
"သွေးလွန်တုပ်ကွေး ရောဂါ ပြင်းထန်လွန်းလို့ ဆုံးရှုံးသွားရတာပါ"
"သွေးလွန်တုပ်ကွေးက ဘာဖြစ်လို့ ဖြစ်ရတာလဲဗျာ"
စိတ်မကောင်းပေမယ့် အဖြေပေးရတယ်။
"ခြင်ကိုက်လို့ ဖြစ်ရတာပါ"
"အဲဒါဆို ကျနော့်သား သေရတာ ခြင်ကိုက်လို့ပေါ့ ဟုတ်လားဆရာ"
ကျနော် ကြေကွဲစွာ ခေါင်းညိမ့်မိတယ်။ကျနော့်နားထဲမှာ အခုထိ ကြားယောင်ဆဲ စကားသံတွေပေါ့...ကျနော့်သား သေရတာ ခြင်ကိုက်လို့ပေါ့ ဟုတ်လား ဆရာ...။
အဲဒီလို ကြေကွဲဖွယ် အသံတွေ မကြားလိုတော့။ဆိုတော့ ရောဂါ မဖြစ်အောင် ဘယ်လိုကာကွယ် မလဲဆိုတဲ့ အကြောင်းကို မိဘပြည်သူတွေကို အသိပေးချင်နေမိတယ်။ကုသခြင်းအလုပ်ကိုတော့ ဆေးရုံ၊ဆေးခန်း၊ ဆရာဝန်တွေ လုပ်ပါလိမ့်မယ်။ကာကွယ်ခြင်းအပိုင်းကိုတော့ မိဘပြည်သူတွေ တတပ်တအား ပါဝင်နိုင်ပါတယ်။ပြည်သူတွေပါမှပဲ ရောဂါ ကာကွယ်ခြင်းက ထိရောက်လိမ့်မယ်။သွေးလွန်တုပ်ကွေးရောဂါကို ဘယ်လိုကာကွယ်ကြမလဲပေါ့။
ရောဂါကာကွယ်ဖို့ဆိုရင် သွေးလွန်တုပ်ကွေးရောဂါရဲ့ အဓိက တရားခံကို သိမှ ဖြစ်မယ်။သွေးလွန်တုပ်ကွေးရောဂါကို ဖြစ်စေတာက သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်(Dengue Virus)ကြောင့်ဖြစ်တာ။အဲဒီဗိုင်းရပ်စ်ပိုးကို သယ်ဆောင်ပြီး လူတစ်ဦးကနေ တစ်ဦးကို ဖြန့်ဝေကူးစက်စေတာက "ခြင်"။တိတိကျကျပြောရရင် အေးဒီးစ်အီဂျစ်ပ်တိုင်း(Aedes aegypti)ဆိုတဲ့ ခြင်ကောင်။သူ့သဘော သဘာဝကိုလည်း
သိထားသင့်တယ်။ခြေတွေ လက်တွေမှာ အဖြူစင်းလေးတွေပါလို့ ခြင်ကျားလို့လည်းခေါ်တယ်။ခြင်ပုန်းလို့လည်း ခေါ်ကြတယ်။သူတို့က နေ့မင်းသားတွေ။မနက်မိုးလင်းချိန်နှင့် နေဝင်ရီတရောအချိန်မှာ ပိုပြီးကိုက်တတ်တယ်။ညမှာ ကိုက်လေ့မရှိဘူး။သူတို့ အကြိုက်ဆုံးနေရာတွေက လူတွေနဲ့ နီးပြီး မှောင်တဲ့ စိုစွတ်တဲ့ နေရာတွေမှာ ရှင်သန်ပေါက်ပွားကြတယ်။သက်တမ်းက သုံးပတ်လောက်ပဲ အသက်ရှင်နိုင်တယ်။အဲဒီခြင်ကောင် ကိုက်ရင်ရောဂါရနိင်တယ်။မကိုက်ရင် ရောဂါ မရနိုင်။ရောဂါမဖြစ်ချင်ရင် ခြင်မကိုက်အောင်နေမယ်၊ဒါမှမဟုတ် ခြင်နှိမ်နင်းရေးလုပ်ရမယ်။
ခြင်နှိမ်နင်းရာမှာ အဓိက အဆင့်နှစ်ဆင့်ရှိတယ်။အရွယ်ရောက်တဲ့ ခြင်ကောင်နှိမ်နင်းတာနှင့် ခြင်ကောင်ဘဝမရောက်ခင် ပိုးလောက်လန်းနှိမ်နင်းတာဆိုပြီးပေါ့။အဲဒီနှစ်ဆင့်မှာမှ ခြင်ကောင်ဖြစ်ပြီးမှ နှိမ်နင်းတာက(အပြင်မှာ မြင်တွေ့နေကျ စက်တွေသုံးပြီး ခြင်ဆေးဖျန်းတာပေါ့) ထင်သလောက်ထိရောက်မှုမရှိတာကို တွေ့ရတယ်။လောက်လန်းဘဝမှာ နှိမ်နင်းတာက ရေရှည်မှာ ပိုပြီးအကျိုးဖြစ်ထွန်းတာကိုတွေ့ရတယ်။စိတ်ထဲမှာ အမြဲနှလုံးသွင်းထားရမယ့် ခြင်၊ပိုးလောက်လန်း နှိမ်နင်းရေး ဂါထာရှိတယ်။
"ဖုံး သွန် လဲ စစ်
ခပ် လောင်း ထောင် မြှုပ်
ဖွင့် ရှင်း မှုတ်
အသစ်ထပ်တိုး
ထည့် စိမ် ထိုး" တဲ့။
အဓိပ္ပါယ်တွေကတော့...
ဖုံး-ရေအိုး၊ရေခွက်၊ရေစည် စတဲ့ အိမ်မှာ ရေသိုလှောင်ရာ ပစ္စည်းများကို ခြင်မဝင်နိုင်အောင် သေသေချာချာ( ဖုံး)အုပ်ထားရမယ်။
သွန်-ရေအိုး၊ရေခွက်၊ရေစည် အားလုံးရဲ့ အတွင်းပိုင်းကို သေချာတိုက်ချွတ်ဆေးကြော၍ (သွန်)ပစ်ပါ။
လဲ-အိမ်မှာ ကျောင်းမှာရှိသော ညောင်ရေအိုး၊ပန်းအိုး စတာတွေကို အနည်းဆုံး တစ်ပတ်တစ်ကြိမ်ဆေးကြော၍ ရေ(လဲ)ပေးပါ။
စစ်-ရေအိုး၊ရေခွက်၊ရေစည်ထဲသို့ ရေထည့်ရင် ရေကို(စစ်)၍ထည့်ပါ။
ခပ်-ရေအိုး၊ရေခွက်၊ရေစည်ထဲရှိ ပိုးလောက်လန်းများကို လက်ကိုင်ရှည် ရေစစ်နှင့် (ခပ်)ထုပ်ပစ်ပါ။
လောင်း-ကြောင်အိမ်၊ဘီဒို၊စားပွဲတို့ရဲ့ အောက်ခံခွက်များထဲကို ဆား၊စက်ဆီဟောင်း စသည်တို့ (လောင်း)ထည့် ထားပါ။
ထောင်-ဘယ်အချိန်အိပ်အိပ်၊ဘယ်နေရာမှာအိပ်အိပ်(ကျနော် အပိုထည့်ပြောတတ်တာက 'ဘယ်သူနှင့်အိပ်အိပ်') ခြင်ထောင် (ထောင်)အိပ်ပါ။
မြှုပ်-မိုးရေတင်ကျန်နိုင်သော ဘူး၊ခွက်၊တာယာဟောင်း စသည်တို့ကို မြေ(မြှုပ်)ပစ်ပါ။
ဖွင့်-အလင်းရောင်ရ၍ ခြင်မခိုအောင်းနိုင်စေရန် နေ့ပိုင်းတွင် ပြတင်းပေါက်များ ဖွင့်ထားပါ။
ရှင်း-ခြင်မခိုအောင်းနိုင်ရန် အိမ်တွင်းအိမ်ပြင်ကို (ရှင်း)လင်းပါ။
မှုတ်-အိမ်၊ကျောင်း၊ရုံး အနီးတွေမှာ ဆေး(မှုတ်)သည့် အဖွဲ့လာရောက်ပါက လုပ်ငန်းတွင်ကျယ်စေရန် ကူညီပါ။
အသစ်ထပ်တိုးတဲ့ နောက်ထပ်အချက်(၃)ချက်ကတော့
ထည့်-သောက်ရေ၊ သုံးရေတွေမှာ လူကို မထိခိုက်စေတဲ့ ပိုးလောက်လန်းမပေါက်ပွားအောင်တားဆီးပေးတဲ့ အဘိတ်(abate)ဆိုတဲ့ ဆေးကို အတိုင်းအဆမှန်မှန် (ထည့်)ခြင်းပါပဲ။ရေထဲကို ဆေးတစ်ခါထည့်ထားရင် အနည်းဆုံး နှစ်လလောက်တော့ တာရှည်ခံ အသုံးပြုနိုင်ပါတယ်။
စိမ်-စိမ်ဆိုတာကတော ဆေးစိမ်ခြင်ထောင်၊ဆေးစိမ်ခန်းဆီး၊ဆေးစိမ်လိုက်ကာတွေကို အသုံးပြုတာကို ပြောခြင်းပါပဲ။ခြင်ထောင်တွေ ခန်းဆီးတွေကို ဆေးစိမ်ခြင်းအား
ဖြင့် အဲဒီကိုလာနားတဲ့ ခြင်ကောင်တွေကို သေစေပါတယ်။
ထိုး-သွေးလွန်တုပ်ကွေး ကာကွယ်ဆေး(ထိုး)တာကိုပြောတာပါ။
ကာကွယ်ဆေးနှင့် ပတ်သက်ပြီး အနည်းငယ် ထပ်ပြီးရှင်းပြချင်ပါတယ်။လူတိုင်းသိချင်တဲ့ မေးခွန်းကတော့ သွေးလွန်တုပ်ကွေးကာကွယ်ဆေး တကယ်ရှိနေပြီလား။ဟုတ်ကဲ့ တကယ်ရှိနေပါပြီ။သွေးလွန်တုပ်ကွေးကာကွယ်ရေးအတွက် အခုကာကွယ်ဆေးက အပြည့်အဝ အားကိုးလို့ မရသေးပေမယ့် ရောဂါအဖြစ်များလွန်းတဲ့ နိုင်ငံတွေအတွက်တော့ ကောက်ရိုးတမျှင်ပါ။ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကလည်း အခုကာကွယ်ဆေးကို အသိအမှတ်ပြုလိုက်ပါပြီ။ကာကွယ်ဆေးရဲ့နာမည်ကတော့ ဒင့်ဂ်ဘားဇီးယား(Dengvaxia)လို့ခေါ်ပါတယ်။ပြင်သစ်ဆေးကုမ္ပဏီ Sanofi Pasteur ကထုတ်လုပ်ပါတယ်။ဒီကာကွယ်ဆေးကို ကမ္ဘာပေါ်မှာ ပထမဆုံးစတင် အသုံးပြုတဲ့နိုင်ငံကတော့ မက္ကဆီကို နိုင်ငံပါ။၂၀၁၅ ခုနှစ် ဒီဇင်ဘာလကတည်းက တရားဝင် စတင် အသုံးပြုခဲ့ပါတယ်။အခုအချိန်မှာဆိုရင် ဒီကာကွယ်ဆေးကို သွေးလွန်တုပ်ကွေး အဖြစ်များတဲ့ နိုင်ငံပေါင်း (၁၄)နိုင်ငံမှာ တရားဝင် အသိအမှတ်ပြု ထိုးနှံနေပါပြီ။အဲဒီ(၁၄)နိုင်ငံထဲမှာ ကျနော်တို့ရဲ့ အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊စင်ကာပူ၊အင်ဒိုနီးရှား၊မလေးရှား၊ဖိလစ်ပိုင်နိုင်ငံတို့ ပါဝင်ပါတယ်။ဒီကာကွယ်ဆေးနှင့် ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတော့ သွေးလွန်တုပ်ကွေးအဖြစ်များလွန်းတဲ့နိုင်ငံတွေ(မြန်မာနိုင်ငံအပါအဝင်)အနေနှင့် အစပျိုးထိုးနှံဖို့ စဉ်းစားသင့်တယ်လို့ မှတ်ချက်ပေးပါတယ်။
အခုကာကွယ်ဆေးက အသက် (၉)နှစ်ကနေ (၄၅)နှစ်ထိ ထိုးလို့ရတယ်(စင်ကာပူနိုင်ငံမှာတော့ အသက် ၁၂ နှစ်ကနေ ၄၅နှစ်ထိသတ်မှတ်ထား)။သွေးလွန်တုပ်ကွေးဗိုင်းရပ်မျိုးစိပ် လေးမျိုးလုံးကို ကာကွယ်နိုင်တယ်။ခြောက်လခြား (၃)
ကြိမ်(၀-၆-၁၂) ထိုးရမယ်။ဆေးတစ်လုံးမှာ ဆေးရည် ၀.၅ စီစီ ပါဝင်တယ်။လက်မောင်းအရေပြားအောက် (subcutaneous)ထိုးရတယ်။ထိုင်းနိုင်ငံမှာတော့ ဆေးတစ်လုံးကို ဘတ် ၃၅၀၀ (၁၄၀ ၀၀၀ ကျပ်) ကျသင့်တယ်။အင်ဒိုနီးရှားနိုင်ငံမှာတော့ ဆေးတစ်လုံးတန်ဖိုးက ဒေါ်လာ ၇၀ ( ၁၀၀ ၀၀၀ ကျပ်ခန့်) ရှိတယ်။မြန်မာပြည်မှာတော့ အခုချိန်ထိ တရားဝင် တင်သွင်းခွင့်ပြုတာမျိုး မရှိသေးဘူး။
ဒီကာကွယ်ဆေးမှာ အားနည်းချက်တွေရှိနေသေးတယ်။အဲဒီအားနည်းချက်တွေထဲက တစ်ခုကတော့ ဒီဆေးက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ဖူးတဲ့သူတွေမှာ အစွမ်းပိုထက်ပြီး (၈၀% ကာကွယ်မှုပေး) သွေးလွန်တုပ်ကွေးရောဂါ တစ်ခါမှ မဖြစ်ဖူးရင် အစွမ်းထက်မှု နည်းပါး(၅၀-၆၀% လောက်ပဲ ကာကွယ်မှုပေး)တာကို တွေ့ရှိရတယ်။ဒါပေမယ့် အားကောင်းတဲ့ အချက်ကတော့ ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါ(severe dengue)ကိုတော့ ၈၀-၉၀% လောက်ထိ ကာကွယ်ပေးနိုင်တာကို လေ့လာတွေ့ရှိရ။သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံတက်ကုသမှုခံယူရနိုင်နှုန်းကိုလည်း ၈၀% လောက်ထိ လျှော့ချနိုင်ကြောင်းလည်း တွေ့ရတယ်။နောက် အားနည်းချက်တစ်ခုကတော့ ကာကွယ်ဆေးသုံးကြိမ်ထိုးပြီးရင် ရောဂါဒဏ်ကနေ နှစ်ပေါင်းဘယ်လောက်ထိ ကာကွယ်နိုင်လဲ ဆိုတာကိုတော့ တိတိကျကျ မသိရဘဲ လေ့လာဆဲ အဆင့်သာရှိသေးတယ်။
ကာကွယ်ဆေးပေါ်နေပေမယ့် ပြီးပြည့်စုံတဲ့ ကာကွယ်ဆေးမဟုတ်သေးတာကတစ်ကြောင်း၊မြန်မာနိုင်ငံမှာ တရားဝင်တင်သွင်းထိုးနှံမှု မရှိသေးတာက တစ်ကြောင်းကြောင့် အထက်မှာဖော်ပြခဲ့တဲ့"ဖုံး သွန် လဲ စစ်" ဂါထာကိုပဲ အားကိုး
သမှုပြုရဦးမယ်။အဲဒီဂါထာအတိုင်းပဲ မိဘပြည်သူများ ပြုမူကျင့်ကြံကြပါလို့ ပြောပါရစေ။
နိဂုံးချုပ်အနေနှင့် ကျနော်တို့ရဲ့ လေးစားရပါသော ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခ ဆရာကြီး ဦးစောဝင်း ရေးစပ်ထားတဲ့ သွေးလွန်တုပ်ကွေး အန္တရာယ်ကင်းကဗျာ လေးကို မိဘပြည်သူများအတွက် ကူးယူဝေမျှပါရစေ။
"ရာသီတိုင်းတွင် ဖျားနာလျှင်
သွေးလွန်တုပ်ကွေးမှတ်။
အဖျားကျစဉ် မလန်းလျှင်
အစဉ် သတိချပ်"
လူတိုင်း လူတိုင်း အိမ်တွင်းရန်စွယ်ဖြစ်တဲ့ ခြင်ကြောင့်ဖြစ်သော သွေးလွန်တုပ်ကွေးရန်မှ ကင်းဝေးကြပါစေ။
ဒေါက်တာကျော်စွာမြင့်
(ကလေးအထူးကု)