ခွေး ရူး ပြန်ရောဂါ
~~~~~~~~
ခွေး ရူးပြန်ရောဂါ သည် virus ပိုး Rabies virus , Lyssavirus genus of the Rhabdoviridae family ကြောင့်ဖြစ် သည်။
အလွန်ကြောက်စရာကောင်း သော ရောဂါ ဖြစ်သည်။ ခွေးရူးရောဂါပိုးသည် ခွေး၏ သွားရည် မှတဆင့် လူ၏ကိုယ် ထဲသို.၀င်သွား ပြီး ၊ ဥိးနှောက် နှင့် အာရုံ ကြော ထဲ ရောက်သွား ပြီး အ သက် ဆုံးရှုံး နိုင်သည်။ ခွေး ကိုက်ခံရ ခြင်း အပြင် ၊ ခွေး ကလျှာ ဖြင့်ရက် ခြင်း၊ လူ ၏အရေပြား အပွန်း အ ပဲ့သို . ခွေးသွားရည် ထိခြင်း တို.ကြောင့်လည်း ကူးစက်နိုင်သည်။
ခွေး ရူးပြန်ရောဂါ လက္ခဏာများ
အကိုက်ခံရပြီး ၉ ရက် မှ လ အတော်ကြာထိ ရောဂါ မပြဘဲ ရှိနိုင် သည်။ အကိုက်ခံရ သော အ နာ ကြီး ခြင်း၊ များခြင်း၊ ဦးခေါင်း နှင့် လည် ပင်း တ ၀ိုက်တွင် ကိုက်ခံရ ပါ ကေ၇ာဂါ လက္ခဏာ မြန်မြန် ပြတတ်သည်။
ခွေး ရူးပြန်ရောဂါ စ ဖြစ်လာပါ က ၊ ဖျားခြင်း၊ ခွေးကိုက်ခံရသော နေရာတ၀ိုက်တွင် နာ ပြီး ထုံကျင်ခြင်း ၊ စတင်ခံစားရမည်။ ထို.နောက် စိတ်လှုပ်ရှား ဂဏာ မငြိမ် ဖြစ် လာမည်။ ထင်ရှားသော လက္ခဏာမှာ ရေဆာသော်လည်း ရေလုံးဝ မသောက်နိုင်ဘဲ ရေကိုအလွန်ကြောက်နေခြင်းဖြစ်သည်။
စိတ် ဂရောက်ကယက်ဖြစ်ခြင်း၊ တကယ်မရှိသော အရာများ ကို မြင်ယောင်လာခြင်း ၊ အရူး လိုအော်ဟစ်နေခြင်း၊ ပုံမှန် လူစိတ်မရှိတော့ခြင်း ၊ သတိမရှိတော့ခြင်း။ အသိစိတ် ၀င်လိုက်ပြောက်လိုက် ဖြစ်ခြင်း၊ စသောဝေဒနာ များခံစားရပြီး ၊ ၁ ပတ် - ၁၀ ရက်အကြာ တွင် သေဆုံးရပေမည်။
ခွေး ရူးပြန်ရောဂါ စဖြစ်လျှင် ကုသဆေး မရှိပါ။
ခွေး ရူးပြန်ရောဂါ စဖြစ်ပါက အသက်မသေသောလူ အလွန် ရှားပါးပါသည်။
ခွေး ရူးပြန်ရောဂါ ကာကွယ်ခြင်း
( ၁) ခွေး ကိုက်မခံရ ခင် ကာကွယ်ခြင်း
ခွေးကိုက်မခံရအောင်နေခြင်း၊ ခွေးကို လက်ပွန်းတတီး မနေခြင်း ၊ အိမ်မွေးခွေးကို ကာကွယ်ဆေး ထိုးထား ခြင်း ၊ မိမိတွင်ခွေး ကိုက်ခံရ နိုင်သော အခြေနေရှိပါက ကြို တင် ကာကွယ်ဆေးထိုးထာခြင်း ( အရေပြားအောက် သို.မဟုတ် အသားဆေး ၄ ပတ်ခြား ၂ ကြိမ် )
(၂) ခွေးကိုက်ခံရပြီး မှ ခွေးရူးပြန်ရောဂါ မဖြစ်ရန် ကာကွယ်ခြင်း
ဆရာဝန် အမြန်ပြရန် လိုသည်။ ဆရာဝန် မှ အနာကို လိုအပ် သလိုဆေးကြော ပေးမည်။ antirabies antiserum ဖြင့် လူအလေးချိန် ပေါ် မူတည် ပြီးဆေးပမာဏ တွက်ချက်ကာ တ၀က်ကို အနာတ၀ိုက် စိမ့်ဝင်အောင် လုပ်ပေးပြီး ၊ ကျန်တ၀က်ကို အသားဆေး ထိုးပေးမည်။
Human diploid cell strain vaccine ခွေး ရူးပြန်ရောဂါ ကာကွယ်ဆေးကို Day 0 ,3 ,7 ,14 , 30 ,90 တို.တွင် အသားဆေးထိုးရမည်။ ( ချက် မှာမထိုးပါ) ။ လက်မောင်း၊ တင်ပါးမှာထိုးနိုင်သည်။
မှတ်ချက် ။ ။ ခွေးကိုက်ခံရပြီးမှ ထိုးသောကာကွယ်ဆေးသည် အမြန်ဆုံးထိုးနိုင်လေ ဆေးအာနိသင် အပြည့်အ၀ ရလေဖြစ်သည်။ နှောင့်နှေးခြင်း ၊ ခွေးရူး မရူး စောင့်ကြည့်နေခြင်း ဖြင့်ဆေးထိုးနောက်ကျ ပါက ၊ဆေး၏ကာကွယ်မှု စွမ်းအင်လျော့ နဲ ပါသည်။
ကိုက်သောခွေး ကိုသတ်ပစ်ခြင်းသည်လည်း လွဲမှားသော အယူ အဆဖြစ်သည်။ ခွေးသေ သွားလျင် လူမှာခွေးရူး မပြန်တော့မှာ မဟုတ်ပါ
Negri Bodies ခေါ် including bodies တမျိုးကို ခွေးရူး၏ ဦးနှောက်ထဲတွင် တွေ.နိုင်သော်လည်း ၊ စမ်းသပ်အဖြေစောင့်နေခြင်းဖြင့် ၊ အချိန်နှောင့်နှေးနိုင်သဖြင့် ကာကွယ်ဆေး အမြန် ထိုးတာ အကောင်းဆူံဖြစ် သည်။
ကိုက်သောခွေး က ခွေးရူးမဟုတ် ဆိုကာ ဆေးမထိုးဘဲ မနေသင့်ပါ။ ယဉ်ယဉ်လေးရူးနေ တတ်ပါသည်။ ခွေးရူး မဟုတ်လောက်ပါဘူး ဟု ၊တချက်ပေါ့ဆ ပါက အသက်နှင့် ရင်း ရတတ်ပါသည်။
ဒေါက်တာဆု ဆေးပညာဌာန
No comments:
Post a Comment